နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့လန်းဖြာပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။
Welcome to Our Mandalay
နှစ်သစ်ဆုတောင်း
D & G Food Centre![]() ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေရာဒေသ၊ တိုင်းရင်းသားမျိုးနွယ်ကိုလိုက်ပြီး စားသောက်ပုံ၊ ၀တ်စားဆင်ယင်ပုံနဲ့ ဓလေ့အယူအဆကတော့ အမျိုးမျိုးဖြစ်နေပါတယ်။ နေရာဒေသအစုံမှာ ကိုယ့်နယ်နဲ့ကိုယ် ဒေသထွက်စားသောက်စရာတွေ၊ ထူးခြားတဲ့စားသောက်စရာတွေ ပေါများလှပါတယ်။ မြန်မာပြည်တွင်းတင်မကပါဘူး နိုင်ငံရပ်ခြားဒေသများမှာလဲ သူ့ဒေသနဲ့သူ ထူးခြားတဲ့ စားသောက်ဖွယ်ရာတွေ ရှိနေပါတယ်။ မြန်မာတွေ ပြောလေ့ရှိကြပါတယ်။ မန္တလေးက စကား၊ မော်လမြိုင်က အစားတဲ့။ မန္တလေးသူ၊ မန္တလေးသားတွေက ယဉ်ကျေးချိုသာပြီး စကားပြောကောင်းကြသလို မော်လမြိုင်မြို့ကလဲ အစားကောင်းပါသတဲ့။ ဒါပေမယ့် မန္တလေးမြို့အကြောင်း တကယ်သိသူများကတော့ မန္တလေးကို စားသောက်ဖွယ်ရာ အစုံရှိတဲ့မြို့လို့ ဆိုကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အလယ်မှာ တည်ရှိပြီး အရှေ့၊ နောက်၊ တောင်၊ မြောက်က ဒေသအလိုက် အစားအစာတွေက မန္တလေးမှာ အကုန်ရှိလို့နေပါတယ်။ ဘယ်ဒေသက အစားအစာကို စားချင်ချင် မန္တလေးမှာ ရနိုင်ပါတယ်။
78 shopping centre
အောင်ကျော်ချမ်းအေး မန္တလေး ဟု ခေါ်တွင်အမှတ်ထားရှိခဲ့သော မန္တလေးမြို့တော်ကြီးသည် ခေတ်အသီးသီးဖြတ်ကျော်ပြီးနောက် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြို့ကွက်သစ်များတိုးချဲ့လာခဲ့သည်။ လူနေထူထပ်လာသည်နှင့်အမျှ နေစဉ် ၀ယ်ယူစားသောက်မှုဆိုင်ရာ လူနေမှုပုံစံ(စတိုင်)များလည်း ပြောင်းလဲ လျက်ရှိသည်။ ယခင်က ဈေးများတွင် သွားရောက်ဈေးဝယ်ကြရာက ယခု Super Market၊ Shopping center များတွင် ဈေးဝယ်လာကြသည်။ ယခင်က စားသောက်ဆိုင်များတွင် သွားရောက်စားသုံးခြင်းနည်းသော်လည်း ယခုခေတ်လူငယ်များက စတိုင်အသစ်နှင့်ဖွင့်လှစ်သော Food center များတွင် အခြေကျနေပါပြီ။ ယခင်က စက်ဘီးမြို့တော် မန္တလေး၊ ယနေ့ ဆိုင်ကယ်မြို့တော် မန္တလေး ဖြစ်နေပါပြီ။ Last Updated (Thursday, 20 October 2011 15:19)
|
အမှတ်တရများ ထာဝရတည်၊ Shadows ရှိနေပြီ
မန္တလေးမြို့တော်ကြီးသည် တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက် စည်ပင်တိုးတက်လျက်ရှိလေသည်။ မန္တလေးမှသည် တရုတ်နယ်စပ်သို့ တိုက်ရိုက်လမ်းပေါက်လျက်ရှိရာ တရုတ်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းအသစ်အဆန်းများက မန္တလေးမြို့တွင် အများဆုံးရောက်ရှိလျက်ရှိသည်။ ၀င်လာမစဲ တသဲသဲ အီလက်ထရောနစ်ပစ္စည်းမျိုးစုံကို တံဆိပ်မျိုးစုံဖြင့် အမျိုးမျိုးတွေ့နိုင်သည်။ အခြားသော လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကိုလည်း အများအပြားတွေ့ရသည်။ သီးနှံမျိုးစုံကအစ တရုတ်ဘက်က အ၀င်များရှိလာသည်။ ပစ္စည်းမျိုးစုံ ရောက်ရှိလာခြင်းဖြင့် ပစ္စည်းများဈေးနှုန်းကျဆင်းလာကြသည်။ ဈေးနှုန်းကျဆင်းလာသော်လည်း အရည်အသွေး မပြည့်မီသည်များလည်းရှိသောကြောင့် တရုတ်ပစ္စည်းအသုံးပြုရသူများအတွက် ကံစမ်းမဲ နှိုက်ရနေရသည်။
မန္တလေး လမ်း၈၀ ပေါ်က Blazon Department Store
မန္တလေးမြို့တော်အား မင်းတုန်းမင်းတရားကြီးက တည်ထောင်ဖွဲ့စည်းရာတွင် မြို့ပြတည်ဆောက်မှုအဖြစ် လေးထောင့်ကွက်ကျကျ တည်ဆောက်ထားရှိသည်။ လေးထောင့် အကွက်ကျကျ တည်သောကြောင့် အရှေ့အနောက် လမ်းမများနှင့် တောင်မြောက်လမ်းမများဟူ၍ ရှိနေပေသည်။ မန္တလေးမြို့ခံများက နေရပ်လိပ်စာ ပြောကြားသည့်အခါ လမ်းနံပါတ်များနှင့် အတိအကျ ညွှန်းဆိုပြောနိုင်ကြပေသည်။ ထို့အပြင် နန်းမြို့တော်မှ တည်ရာကို လိုက်၍ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် ဟု ခွဲခြားခေါ်ဆိုကြပြန်သည်။ မန္တလေးမြို့သည် မြောက်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင် မြစ်၊ တောင်တန်းများဖြင့် ကာရံလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တောင်ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ကြသည်။ စတင်ဖွဲ့စည်းစကပင် တောင်ပြင်သည် ကျန်အရပ်များထက် ပိုမိုစည်ပင်ခဲ့သည်။ ယခုအခါ မန္တလေးနန်းမြို့မှ တောင်ဘက်သို့ ချဲ့ထွင်လာရာ ပြင်ဦးလွင်မြို့သို့ပင် တစ်ဆက်တည်း ဖြစ်လာတော့မည်ကဲ့သို့ရှိသည်။ Last Updated (Thursday, 20 October 2011 14:22)
|







